Website တစ်ခုပြုလုပ်တော့မယ်ဆိုရင် Domain & Hosting ကိုကြားဖူးမှာပါ။ ဘာလို့ Website လုပ်ထားပြီး နှစ်စဉ်ကြေးတွေပေးရတာလဲ ဆိုတာရဲ့အဖြေတစ်ခုလို့လဲပြောနိုင်ပါတယ်။ Hosting ဆိုတာ Website တစ်ခုပြုလုပ်မယ်ဆိုရင် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုလဲဖြစ်ပါတယ်။
ဒါဆို အရင်ဆုံး Hosting ဆိုတာဘာလဲမပြောခင် Website ဘယ်လိုအလုပ်လုပ်လဲ အရင်သိဖို့လိုပါတယ်။Website ဆိုတာ တကမ္ဘာလုံးက ကြည့်ရှုနိုင်အောင်ပြုလုပ်ရတာဖြစ်တဲ့အတွက်ကြောင့် တကမ္ဘာလုံးက လှမ်းယူဖော်ပြလို့ရနိုင်မယ့် Computer မှာ ကျွန်တော်တို့ရဲ့ ပုံတွေ ၊ files တွေ ၊ Database တွေကို သွားတင်ပေးထားရပါတယ်။ ကျွန်တော်တို့ device/browser ရဲ့ Website မှာပေါ်မြင်ရတဲ့ ပုံတွေ, files, dashboard တွေနဲ့ design တွေကို mobile data, wifi ကနေတဆင့် အဲ့ဒီ computer ကနေ လှမ်းယူဖော်ပြပါတယ်။ Files တွေဆိုတာကတော့ program files တွေပါ။ex: html,css
ဆိုလိုရင်းက တကမ္ဘာလုံးကလှမ်းယူဖော်ပြနိုင်တဲ့ သူများ computer မှာ ပုံတွေ ၊ files တွေ ၊ Database တွေတင်ထားရတာဖြစ်တဲ့အတွက်ကြောင့် နှစ်စဉ်ကြေးပေးဆောင်ရတာပါ။ အဲ့လို တကမ္ဘာလုံးကလှမ်းယူဖော်ပြနိုင်တဲ့ computer တွေကို hosting လို့ခေါ်ပြီး တစ်နည်းအားဖြင့် server လို့လဲခေါ်ပါတယ်။ ကျွန်တော်တို့ရဲ့ local computer harkdisk ထဲမှာသိမ်းထားတဲ့ files တွေဆိုရင်တော့ နှစ်စဉ်ကြေးပေးစရာမလိုပါဘူး။
Website တစ်ခုကို server or hosting ပေါ်တင်ဖို့ website ရဲ့အမျိုးအစား ၊ အရွယ်အစားတို့ပေါ်မူတည်ပြီး သုံးရတဲ့ hosting အမျိုးမျိုးရှိပါတယ်။
အဓိက အသုံးများတဲ့ Hosting တွေကတော့
- Share Hosing
- Dedicated Hosting
- VPS Hosting
- Reseller Hosting
Hosting တွေကို ရောင်းချပေးတဲ့ Provider တွေအများကြီးရှိပါတယ်။Website တစ်ခု Browser မှာမြင်ရဖို့ကျွန်တော်တို့ရဲ့ Website မှာ developed လုပ်ထားတဲ့ (images,files,Database) ကို server ပေါ်သို့တင်လိုက်ပါတယ်။ Server လို့ခေါ်တဲ့ main computer ကနေ website တစ်ခုချင်းစီအလိုက် အသုံးပြုမယ့် Ram,Storage Space, Bandwidth တို့ကိုခွဲဝေ သတ်မှတ်ပါတယ်။ အဲ့လို Ram,Storage,Bandwidth ခွဲဝေသတ်မှတ်ပြီး Hosting Plan အဖြစ် Providerတွေကနေရောင်းချကြပါတယ်။
ဥပမာ – လူကြီးမင်းရဲ့ company ကို Website လို့သဘောထားပြီး hosting ဆိုတာ ရုံးခန်းတစ်ခု လို့သတ်မှတ်လိုက်ပါ။ လူကြီးမင်း company(website) နဲ့ ကိုက်ညီပြီး စိတ်တိုင်းကျတဲ့ ရုံးခန်း(hosting)ကိုရွေးချယ်ရမှာပါ။ လူကြီးမင်းရဲ့ရုံးခန်းဟာ ကျယ်ကျယ်ဝန်းဝန်း နဲ့ မြန်မြန်ဆန်ဆန် လိုချင်တာလား ? လူများများ ဝင်ထွက်လို့ရအောင်လိုချင်တာလား ၊ တိုက်ခန်းတစ်ခုပဲလိုချင်တာလား ၊ အဆောက်အဉီးတစ်ခုလုံးပဲငှားမှာလား? ရုံးခန်း အကျယ်အဝန်းထက် နောက်ပြီး အင်တာနက်ပါသေးလား ၊ မီးစက်ပါလား ၊ ကားပါကင်ပါသေးလားဆိုတဲ့ အပိုဝန်ဆောင်မှုတွေလဲရှိပါသေးတယ်။ အဲ့ဒီ ရုံးခန်းနေရာ ( Hosting ) ကိုမှ လူကြီးမင်းရဲ့ company (website) အလိုက်ရွေးချယ်ရမှာပါ။ ရုံးခန်းရဲ့ အကျယ်အဝန်း ၊ အဝင်အထွက်ပမာဏ ၊ အပိုဝန်ဆောင်မှုတွေဆိုတာက Hosting ရဲ့ Ram, Storage space, Bandwidth တို့ကိုရည်ညွှန်းတာပါ။
Share Hosting
Share Hosting အမျိုးအစားက ဟောခန်း တစ်ခုထဲမှာ အကန့်ကန့်ပြီး လူကြီးမင်းရဲ့ ရုံးခန်းကို မျှဝေငှားရမ်းအသုံးပြုခြင်းလို့ဆိုနိုင်ပါတယ်။ စားပွဲခုံ ၊ wifi နဲ့ ရုံးသုံးပစ္စည်း အနည်းငယ်ရှိမယ်။ Toilet,Meeting room,Kitchen တွေကိုတော့ မျှဝေအသုံးပြုရမှာပါ။ ကိုယ်စိတ်တိုင်းကျ whiteboard တပ်တာတို့ ၊ ဟောခန်းတစ်ခုလုံးမှာ လူကြီးမင်း company စိတ်တိုင်းကျ ပြုပြင်မှုတွေကိုလုပ်လို့ရမှာမဟုတ်ပါဘူး။ Hosting ရဲ့ Storage Space ကတော့ ကိုယ်ယူတဲ့ ရုံးခန်းအကျယ်လောက်ရမယ်၊ Toilet,Meeting room,Kitchen လို့သတ်မှတ်တဲ့ Ram,Bandwidth တွေကိုတော့ မျှဝေအသုံးပြုရမှာပါ။ Computer တစ်လုံးကဟောခန်းဆိုရင် အဲ့ထဲမှာ အကန့်ကန့်ပီး လူကြီးမင်းရဲ့ website ကို folders ဆောက်ပီး အသုံးပြုတဲ့သဘောပါ။ အဲ့လို ရုံးခန်းမျိုး – share hosting ကိုတော့ just portfolio website ၊ website ရှိထားရုံသက်သက်ဆို အသုံးပြုလေ့ရှိပါတယ်။
VPS Hosting
VPS အမျိုးအစား ကတော့ share ရုံးခန်းထက် ပိုမြင့်ပြီး တိုက်ခန်း ၊ ကွန်ဒိုမှာ ငှားရမ်းအသုံးပြုခြင်းလို့ဆိုနိုင်ပါတယ်။ ရုံးခန်း အကျယ်အဝန်း ( Storage Space ) ကတော့ ကိုယ်ငှားရသလောက်ရရှိမှာဖြစ်ပြီး ၊ Toilet,Meeting room,Kitchen(Ram,Bandwidth) ကတော့ လူကြီးမင်းတစ်ယောက်ထဲအသုံးပြုရမှာပါ။ဟောခန်း တစ်ခုထဲမှာလို ရုံးခန်းတွေအများကြီးရှိနေမှာမဟုတ်ပဲ ကိုယ်ရုံးခန်းနဲ့ ကိုယ်လို့ပြောနိုင်ပါတယ်။ အဲ့ထဲမှာ Toilet,Meeting room, Kitchen (Ram,Bandwidth) တို့ကိုကိုယ်စိတ်တိုင်းကျပြုလုပ်နိုင်ပါတယ်။ ဒါက တိုက်ခန်း ၊ condo ပါ အဆောက်အဉီး တစ်ခုလုံးကိုတော့ ပိုင်ဆိုင်တာတော့မဟုတ်ပါဘူး။ VPS ကတော့ middle room လို့သတ်မှတ်နိုင်ပြီး အလတ်စား စီးပွားရေးလုပ်ငန်းနဲ့ traffic အထောက်အလျောက်ရှိတယ် ၊ လုပ်ငန်းက website နဲ့ပက်သက်တယ်ဆိုရင် အသုံးပြုလေ့ရှိပါတယ်။
Dedicated Hosting
Dedicated အမျိုးအစားကတော့ ကိုယ်ပိုင် အဆောက်အဉီးတစ်ခုလုံးကို ပိုင်ဆိုင်ခြင်းပါ။ Storage Space – ရုံးခန်းအကျယ်အဝန်းကတော့ မြေနေရာကျယ်သလောက် ၊ ကိုယ်တည်ဆောက်သလောက် ရရှိမှာပါ။ ဒါမျိုးကိုတော့ လုပ်ငန်းအမျိုးအစားအကြီးတွေ ၊ Web application တွေမှာအသုံးပြုလေ့ရှိပါတယ်။ ကိုယ့်လုပ်ငန်းက Website ပေါ်မှာ မှီခိုခြင်းမရှိဘူးဆိုရင်တော့ သုံးစရာမလိုပါဘူး။ဒါက Hosting ဆိုတာဘာလဲဆိုတာနဲ့ အကြမ်းဖြင်း သဘောပေါက်အောင် ဖော်ပြပေးတာပါ ။ Provider တွေကနေ Hosting ဝယ်ယူမယ်ဆိုရင် ဘယ်လိုရွေးချယ်ရမလဲ? အထက်ပါ Hosting အမျိုးအစား တစ်ခုချင်းစီနှင့် သူတို့ရဲ့ အသေးစိတ်အချက်အလက်တွေကို ဒီ Link မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။