မိမိရဲ့ Website ကိုဝင်လာတာနဲ့ Customers တွေကို ဆွဲဆောင်ပြီး တစ်ခါတည်းဝယ်ယူချင်အောင်ပြုလုပ်ဖို့ Ecommerce Website ပိုင်ရှင်တိုင်းသိထားသင့်ပါတယ်။ Ecommerce Website တိုင်းဟာတော့ သူတို့ရဲ့ ကိုယ်ပိုင် နည်းလမ်းလေးတွေနဲ့ ကွဲပြားလျက်ပြီး Trend ဖြစ်တဲ့ Animation တွေ ၊ Products တွေကို 360 Degree ကြည့်ရှုနိုင်တဲ့ Features တွေ ၊ Advanced Filter တွေနဲ့ Dynamic Search Function တွေဟာ Ecommerce Website အများစုမှာတွေ့မြင်လာနေရပါပြီ။ ဒါပေမယ့် Trend ဖြစ်တဲ့ Functions တွေထည့်သွင်းလိုက်ရုံဖြင့် Ecommerce Website ဟာအသုံးပြုရလွယ်ကူပြီးပြည့်စုံသွားပြီလို့တော့ သတ်မှတ်လို့မရပါဘူး။
User Friendly ( လွယ်ကူစွာအသုံးပြုနိုင်မှု )
လွယ်ကူစွာအသုံးပြုနိုင်မှုမှာ ဒီဇိုင်းနှင့် Website ရဲ့ Flow Diagram ဆိုပြီး၂ မျိုးသတ်မှတ်လို့ရပါတယ်။ ဒီဇိုင်းပိုင်းမှာကတော့ Ecommerce Website တစ်ခုဟာ Creative ဖြစ်ဖို့ထက် User Friendly ဖြစ်ဖို့ကို ပိုပြီးဦးစားပေးသင့်ပါတယ်။ ဒီဇိုင်းဟာ ရိုးရှင်းပြီး အသုံးပြု၍လွယ်ကူလေ Customers တွေအတွက် ရွေးချယ်ဝယ်ယူဖို့ ဆုံးဖြတ်နိုင်မှာပါ။ လေ့လာမှုတွေအရ Ecommerce Website တွေမှာ ဝယ်ယူတဲ့ Cusomers ၇၆ ရာခိုင်နှုန်းဟာဆိုရင် အသုံးပြုရလွယ်ကူဖို့က အရေးကြီးဆုံး အချက်တစ်ခုဖြစ်တယ်လို့ ဆိုကြပါတယ်။ User Friendly ရဲ့ အရေးပါတဲ့ အချက်က Customers တွေဟာ သူတို့လိုချင်တဲ့ ထုတ်ကုန်ကို မြန်မြန်ဆန်ဆန်နှင့် ကြည့်ရှုလို့ရပြီး တစ်ခါထဲ ဝယ်ယူနိုင်ဖို့ပါပဲ။
ပစ္စည်းတစ်ခုဝယ်ယူဖို့ Step တွေအများကြီးနဲ့မှ ၊ accounts ဖွင့်မှ ၊ App နဲ့မှ ဝယ်ယူလို့ရတာမျိုးတွေမလုပ်သင့်ပါဘူး။ First Customer အနေနဲ့ ပထမတစ်ခါ လွယ်ကူစွာနဲ့ ဝယ်ယူနိုင်ပြီး စိတ်တိုင်းကျတယ် ၊ အဆင်ပြေတယ်ဆိုရင် ကိုယ့်ရဲ့ဖောက်သည် ဖြစ်လာမှာပါ။ အဲ့လိုဖြစ်လာတော့မှ Account ဖွင့်တာတွေ App Install ပြုလုပ်ခိုင်းခြင်းတွေဟာ ပိုမိုမှန်ကန်ပါတယ်လို့ယူဆပါတယ်။ Ecommerce Website မှာဝယ်ယူသူအများစုက အချိန်ကုန်သက်သာပြီး ပစ္စည်းတစ်ခုရဲ့ အသေးစိတ်ကို လွယ်ကူလျှင်မြန်စွာ ကြည့်ရှုနိုင်လို့ပါပဲ။ ဒါကြောင့် Ecommerce Website ပေါ်မှာ လွယ်ကူစွာ အသုံးပြုနိုင်ဖို့နဲ့ Product Categories တွေ ၊ Search & Filter တွေ ၊ Comparison Capabilities တွေပေါ်မှာပဲ အာရုံစိုက်ပြီး ပိုမိုကောင်းအောင်ပြု လုပ်သင့်ပါတယ်။
Mobile-Friendly
Ecommerce Website ဝယ်ယူသူအများစုဟာ မိုဘိုင်းဖုန်းဖြင့်ဝယ်ယူကြခြင်းဟာ ၅၀ ရာခိုင်နှုန်းရှိတယ်လို့ သိရှိရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင်တော့ ၈၀ ရာခိုင်နှုန်းလောက်ရှိမယ်လို့ယူဆရပါတယ်။ ဒါဟာ Website တွင်သီးသန့် ဝင်ရောက်ဝယ်ယူခြင်းမျိုးမဟုတ်ပဲ Product Links နဲ့ Facebook ပေါ်မှာ Website နဲ့ချိတ်ဆက် ရောင်းချခြင်းပါ။ တချို့ Ecommerce တွေမှာဆိုရင် Mobile မှာ User Friendly ဖြစ်ဖို့ကိုပဲ ဉီးတည် ဒီဇိုင်းရေးဆွဲကြပါတယ်။ ဒါကြောင့် Ecommerce Website ပြုလုပ်သူတိုင်းဟာ Mobile မှာလဲ အသုံးပြုရလွယ်ကူအောင် ပြုလုပ်ဖို့ကို ထည့်သွင်းစဉ်းစားဖို့အရေးကြီးပါတယ်။
Resolution
Ecommerce Website အတွင်းက ထုတ်ကုန်များရဲ့ Preview Image များက Resolution ကောင်းမွန်ပြီး ဆွဲဆောင်မှုရှိဖို့လိုအပ်ပါတယ်။ Online ကတိုက်ရိုက်ဝယ်ယူတာမျိုးဖြစ်တဲ့ အတွက် ထုတ်ကုန်ရဲ့ Images, Video တွေကို ကြည်ကြည်လင်လင်နဲ့ ရှုထောင့်ပေါင်းစုံက ကြည့်ရှုနိုင်မှ Customers တွေအနေနဲ့ဝယ်ယူဖို့ ပိုမိုဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ ဒီဇိုင်းပြုလုပ်ဖို့ အခက်အခဲရှိရင် Design Frame တွေပြုလုပ်ထားပြီး ထုတ်ကုန် တွေကို နာမည်တွေ စျေးနှုန်းတွေ ပြောင်းလဲလိုက်ရုံဖြင့် ပြုလုပ်နိုင်ပါတယ်။
User Feedback
မိမိ Website မှာ ဝယ်ယူဖူးသူများကို Reviews ရေးသားပေးဖို့တောင်းဆိုပါ။ လူအများစုဟာ အသစ်အဆန်းဆို ယုံကြည်လက်ခံဖို့ စဉ်းစားတက်လို့ပါ။ Reviews တွေဟာ Customers အသစ် တွေအတွက် မိမိ Website မှာ ဝယ်ယူရန်အတွက် တွန်းအားတစ်ခုလဲ ဖြစ်နေပါတယ်။ ဒါ့အပြင် Product တစ်ခုချင်းစီမှာလဲ Review ရေးသားနိုင်အောင်ပြုလုပ်ထားနိုင်ရင် ပိုမိုကောင်းမွန်ပါတယ်။
Special Offers
Digital Platform ပေါ်မှာ တည်ရှိနေတဲ့ လုပ်ငန်းတိုင်းဟာ Offers ပေးဖို့ နဲ့ Branding လုပ်ဖို့အကောင်းဆုံးပါပဲ။
တစ်ခုဝယ် တစ်ခုလက်ဆောင် ၊ ၂၀% နှုန်းလျှော့ပေးခြင်း ၊ ပထမဉီးဆုံး ၃ဉီးအတွက် အခမဲ့ စတဲ့ Special Offers တွေပေးခြင်းဖြင့် ကိုယ့်ရဲ့ Website ကို ဝင်ရောက်ဖို့ဆွဲဆောင်နိုင်သလို့ , Branding ပြုလုပ်ပြီးသားလဲဖြစ်စေပါတယ်။
အကောင်းဆုံး Offers တွေကတော့ Every Friday 10% off တို့ Flash Sale တို့ Discount Product တို့အတွက် သီးခြား Page တစ်ခုပြုလုပ်ထားခြင်းဖြင့် ဝယ်ယူနေကျ Customers တွေကိုလဲ ဆွဲဆောင်ထားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ အခါကြီး ရက်ကြီးတွေအလိုက် Discount ပြုလုပ်ခြင်းများ ၊ Events ပြုလုပ်ခြင်းများဟာ ပိုမိုဆွဲဆောင်နိုင်ပါတယ်။
Wish Lists
Website အတွင်းမှာဝယ်ယူမယ့် ပစ္စည်းများကို တစ်ခါတည်း မဝယ်လဲ ကိုယ်နှစ်သက်တဲ့ ပစ္စည်းကို မှတ်သားထားနိုင်ဖို့နှင့် သိမ်းဆည်းထားနိုင်ဖို့အတွက် Whistlist ကိုအသုံးပြုပါတယ်။ Whistlist က Customers တွေအနေနဲ့ ချက်ခြင်းမဝယ်လဲ လကုန်မှ ဝယ်တာတို့ ၊ အသင့်ဖြစ်တဲ့ အခါ ဝယ်ယူဖို့အတွက် အသင့်သိမ်းဆည်းပေးထားနိုင်တာကြောင့် Ecommerce Website တိုင်းမှာ ပါရှိသင့်ပါတယ်။
Find in Store
Ecommerce Website တိုင်းမှာ Search & Filter ကဲ့သို့ လိုချင်တဲ့ ပစ္စည်းကို လွယ်လင့် တကူရှာဖွေနိုင်တဲ့ Features များကိုမရှိမဖြစ်ပါဝင်သင့်ပါတယ်။ Customers များက ဝင်ကြည့်လေ့လာပြီး ဝယ်ယူသူများရှိသလို ၊ တစ်ခါတည်း လိုချင်တဲ့ ပစ္စည်းကို ရနိုင်မလားဆိုပြီး ရှာဖွေတဲ့သူတွေလဲရှိပါတယ်။ ဒါကြောင့် Customers တွေအနေနဲ့ လိုချင်တဲ့ ပစ္စည်းကို တစ်ခါတည်းရှာဖွေနိုင်ဖို့အတွက် နဲ့ စိတ်ကျေနပ်မှုရရှိစေဖို့အတွက် Find in store များတွင် ပိုမိုကောင်းမွန်အောင် ပြုလုပ်သင့်ပါတယ်။
Frequently Asked Questions (FAQ) | အမေးများသော မေးခွန်းများ
Customers တွေအနေနှင့် တစ်ခါထဲ ဝယ်ယူနိုင်ဖို့အတွက် ဖုန်းဆက်ပြီး ထပ်မေးစရာမလိုအောင် ပစ္စည်းနဲ့ပက်သက်ပြီး အချက်အလက်အသေးစိတ်များနှင့် အမေးအဖြေ များကို ဖော်ပြထားခြင်းဖြင့် ယုံကြည်စိတ်ချမှုကို ပိုမိုရရှိနိုင်ပြီး ၊ Customers များကိုလဲ ထပ်မံမေးစရာမလိုတဲ့အတွက် ပိုပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။
Payment & Shipping
Customers အနေနှင့် ဝယ်ယူပြီး ကျသင့်ငွေပေးချေနိုင်ရန်အတွက် Website အတွင်းမှာ တစ်ပါတည်းပြုလုပ်နိုင်သလို ၊ Cash on Delivery , Direct Bank Transfer များဖြင့်လဲ ပြုလုပ်နိုင်ပါတယ်။ ထိုသို့ပြုလုပ်ရာတွင် Customer တွေအနေနဲ့ Confused မဖြစ်စေရန်အတွက် မိမိ Website ရဲ့ ငွေပေးချေမှုပုံစံကို ကြိုတင် သိရှိထားဖို့လိုအပ်ပါတယ်။ ဒါမှသာ Customer ကဝယ်ယူပြီး ငွေပေးချေမှုပုံစံ နဲ့ ပစ္စည်းဘယ်အချိန်ရောက်မယ် ဆိုတာကို တစ်ပါတည်းသိရှိနိုင်မှာဖြစ်ပါတယ်။ Delivery Free ဆိုရင်လဲ Customers တွေမြင်သာတဲ့ နေရာမှာထင်ထင်ရှားရှားပြသထားသင့်ပါတယ်။
အထက်ပါဖော်ပြချက်များအားလုံးသည် Ecommerce Website တစ်ခုတွင် မရှိမဖြစ်ပါဝင်သော အကြံပြုချက်အချက်များဖြစ်ပြီး ၊ နောက်ထပ် ထပ်မံပါရှိသင့်သော အချက်အလက်များအား နောက်ထပ် Articles တစ်ခုတွင် ထပ်မံဖော်ပြပေးပါမယ်။