preloader

Social Media မှာ Post တင်ဖို့အကောင်းဆုံး အချိန် ?

လေ့လာမှုနှင့် စမ်တမ်းများအရ အင်တာနက် အသုံးပြုသူ အများဆုံး ရှိသည့် အချိန်နှင့်နေ့ရက် များဖြစ်တာကြောင့် Post တင်ရမည့် အချိန်ကို လူကြီးမင်းအနေနဲ့ လွယ်ကူလျှင်မြန်စွာဆုံးဖြတ်နိုင်ပါတယ်။ Post တင်တဲ့နေရာမှာ လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး Customer ကွဲပြားတာကြောင့် တည်နေရာ နှင့် အချိန် ၊ အသက်တို့ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

ယေဘုယအားဖြင့် Post တင်ဖို့ အကောင်းဆုံးအချိန်တွေကတော့

Instagram မှာဆိုရင်

  • အကောင်းဆုံးနေ့ – ဗုဒ္ဓဟူးနေ့
  • မတင်သင့်သည့်နေ့ – တနင်္ဂနွေနေ့
  • အကောင်းဆုံးအချိန် – ဗုဒ္ဓဟူးနေ့ မနက် ၁၁ နာရီ နှင့် သောကြာနေ့ မနက် ၁၀နာရီမှ ၁၁ ကြား

အပေါ်က ဇယားအရ တနင်္လာနေ့မှသောကြာနေ့ထိ မနက် ၉ မှ ညနေ ၄ နာရီကြားမှာဆိုရင် Engagement တည်ငြိမ်ပြီး ညနေ ၆ မှ မနက် ၆ နာရီဆို Engagement ကျဆင်းသွားပါတယ်။ Instagram ကို ညပိုင်းနဲ့ မနက်အစောပိုင်းတွေမှာ အသုံးပြုသူနည်းတာကြောင့် ရက်သတ္တပတ် အလယ်ပိုင်းမှာတင်ရင် အကောင်းဆုံးပါပဲ။

Facebook တွင် Post တင်ရန် အကောင်းဆုံးအချိန်

  • အကောင်းဆုံးနေ့ – ဗုဒ္ဓဟူးနေ့
  • မတင်သင့်သည့်နေ့ – တနင်္ဂနွေနေ့
  • အကောင်းဆုံးအချိန် – ဗုဒ္ဓဟူးနေ့ မနက် ၁၁ နာရီ နှင့် သောကြာနေ့ မနက် ၁၀ နာရီမှ ညနေ ၁-၂ နာရီကြား

Facebook ရဲ့အကောင်းဆုံးအချိန်ဟာလဲ Instagram နဲ့သိပ်မကွာပါဘူး။
အသုံးပြုမှုဟာ Instargam နဲ့ တူညီတာကြောင့် ၂ ခုလုံးမှာ ဗုဒ္ဓဟူးနေ့ မနက် ၁၁ နာရီမှာ Post တင်တာအကောင်းဆုံးပါပဲ။ ညနေ ၅နာရီ နှင့် ည ၇ နာရီနောက်ပိုင်းမှာတော့ Engagement ကျဆင်းလာတာကြောင့် အဲ့အချိန်မတိုင်ခင် တင်ဖို့ အကြံပြုပါတယ်။

Twitter တွင် Post တင်ရန် အကောင်းဆုံးအချိန်

  • အကောင်းဆုံးနေ့ – ဗုဒ္ဓဟူးနှင့်ကြာသပတေးနေ့
  • မတင်သင့်သည့်နေ့ – စနေနေ့
  • အကောင်းဆုံးအချိန် – ဗုဒ္ဓဟူးနှင့်သောကြာနေ့မနက် ၉ နာရီတွင်။

ယေဘုယျအားဖြင့် တနင်္လာနေ့မှသောကြာနေ့အထိ ၈ နာရီနှင့်ညနေ ၄ နာရီကြားအချိန်သည် Twitter တွင် Post တင်ရန် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ Twitter တွင်အသုံးပြုမှုသည် မနက် ၄ နာရီမတိုင်မီ ၊ ညနှောင်းပိုင်း နှင့် ည ၁၀ နာရီနောက်ပိုင်းတွင်ကျဆင်းသွားပါတယ်။ Twitter ကို နံနက်ခင်းမှာ Activity တစ်ခုအနေဖြင့် စစ်ဆေးကျတာကြောင့် မနက် ၉နာရီမှ ၁၁ ကြားမာ Post တင်ခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။

Linkedin တွင် Post တင်ရန် အကောင်းဆုံးအချိန်

  • အကောင်းဆုံးနေ့ – ဗုဒ္ဓဟူးနေ့နှင့်သောကြာနေ့
  • မတင်သင့်သည့်နေ့ – တနင်္ဂနွေနေ့
  • အကောင်းဆုံးအချိန် – ဗုဒ္ဓဟူး မနက် ၈ မှ ၁၀ နာရီကြား ၊ ကြာသာပတေး မနက် ၉ မှ ၁၂ကြား ၊ သောကြာနေ့ မနက် ၉နာရီ

Linkedin မှာဆိုရင် စီးပွားရေးလုပ်ငန်းရှင်များ ချိတ်ဆက်အသုံးပြုသော Platform တစ်ခုဖြစ်တာကြောင့် တနင်္လာနေ့မှာ အသုံးပြုသူနည်းပါးနိုင်ပါတယ်။ ယေဘုယျအားဖြင့် အင်္ဂါနေ့မှသောကြာနေ့ကြား မနက် ၈ မှ ညနေ ၂နာရီကြား အချိန်မှာ Post တင်ခြင်းဟာ Engagement ရရှိစေဖို့ Safe ဖြစ်ပါတယ်။

ယခုဖော်ပြထားတဲ့ အချိန်တွေဟာ ယေဘုယျအားဖြင့် အသုံးပြုသူအများဆုံးနဲ့ Engagement အကောင်းဆုံးအချိန်များဖြစ်ပြီး ကိုယ်လုပ်ငန်းနဲ့ကိုက်ညီမယ့် Social Media မှာ Post တင်ဖို့ အကောင်းဆုံးအချိန်ကို ရှာဖွေတဲ့ပုံစံနဲ့ ကြည့်ရှုနိုင်မယ့် နည်းလမ်းကိုနောက်ထပ် Articles မှာဖော်ပြပေးပါမယ်။

Related Post

Leave a Reply

Your email address will not be published. Required fields are marked *