preloader

Terms & Conditions

ငွေပေးချေမှု ပုံစံ

ဝယ်ယူသော ဝန်ဆောင်မှုအလျောက် ကျသင့်ငွေ( တန်ဖိုး ) ၏ ၅၀% အား အလုပ်စတင် အပ်နှံသည် အချိန်တွင် ပေးချေရမည်ဖြစ်ပါသည်။ Bits Century မှ အလုပ်အပ်နှံသည့် အချိန် / ပြီးဆုံး   သည့် အချိန်တွင် လက်ကျန်ငွေ ၅၀% အား ၃ရက်အတွင်းပေးချေရမည်ဖြစ်သည်။

ပါဝင်မည့် ဝန်ဆောင်မှုများ

ဝယ်ယူသော ဝန်ဆောင်မှု အလျှောက် ဖော်ပြထားသော အချက်အလက်များအတိုင်း ရရှိမည်ဖြစ်ပြီး ၊ အပိုဝန်ဆောင်မှုများ ၊ ထပ်တိုးဝန်ဆောင်မှုများ အား Change Order ပြုလုပ်၍ ပေးချေရမည်ဖြစ်သည်။

ဝန်ဆောင်မှု အချိန်ကာလ

ဝယ်ယူသော ဝန်ဆောင်မှု အလျှောက် ဖော်ပြထားသော အချိန်ကာလ အတိုင်းကြာမြင့်မည်ဖြစ်ပြီး ၊ ဝယ်ယူသူဘက် နောက်ကျ၍ဖြစ်စေ ၊ တခြားသော အကြောင်းအမျိုးမျိုး ကြောင့် ဖြစ်စေ အချိန်ကြာမြင့်ခဲ့ပါက ဝန်ဆောင်မှု ပြီးစီးချိန် / အပ်နှံသည့် အချိန် ကို Bits Century မှ ပြန်လည်သတ်မှတ်မည်ဖြစ်ပါသည်။

ကြိုတင် အငြင်းပွားဖြေရှင်းချက်

ဝယ်ယူသူ၏ လိုအပ်ချက်အတိုင်း Bits Century မှ ပြုလုပ်ပေးသော ဝန်ဆောင်မှုများသည် ဝယ်ယူသူ၏ စီးပွားရေး ရောင်းအား ၊ ဝယ်အား အစရှိသော လုပ်ငန်းနှင့်ဆိုင်သော အကျိုးအမြတ် တစုံတရာနှင့် ပက်သက်၍ Bits Century တွင် ဝာာဝန်မရှိစေရ။

နောက်ဆက်တွဲပြဿနာများ

ဝယ်ယူသူ၏ ပေါ့ဆမှုကြောင့်ဖြစ်စေ ၊ မိမိကိုယ်တိုင်ဖြစ်စေ ၊ Freelance ငှား၍ဖြစ်စေ ၊ တခြား Company သို့အပ်၍ ဖြစ်စေ ဝယ်ယူထားသော ဝန်ဆောင်မှုများအား ပြုပြင်ပြောင်းလဲမှုများအတွက် ထပ်မံပေါ်ပေါက်လာသော နောက်ဆက်တွဲ ပြဿနာ များအားလုံးသည် Bits Century တွင် တာဝန်မရှိစေရ။

ဝန်ဆောင်မှု ရပ်ဆိုင်းခြင်း

Bits Century မှဝယ်ယူသော ဝန်ဆောင်မှုများအား ရပ်ဆိုင်းမည်ဆိုပါက ၁ ပတ်ကြိုတင်အကြောင်းကြား၍ ကျသင့်ငွေအားပေးချေ၍ ရပ်ဆိုင်းနိုင်သည်။ ဝန်ဆောင်မှုနှင့်ဆက်လျင်း၍ အငြင်းပွားဖွယ်ရာ တစုံတရာ ပေါ်ပေါက်ခဲ့ပါက Bits Century ၏ ဆုံးဖြတ်ချက်အတိုင်း အတည်ပြုမည်ဖြစ်သည်။

မူပိုင်ခွင့်

ဝယ်ယူသူ ( Customers ) မှပေးပို့သော Datas များ နှင့် လက်ခံရရှိသော အချက်အလက်များသည် ( သို့) ဝယ်ယူသူ၏ စေခိုင်းမှုကြောင့် ပြုလုပ်ပေးရသော Content များ ၊ Design များတွင် မူပိုင်ခွင့်နှင့်ပက်သက်၍ Bits Century တွင်တာဝန်မရှိစေရ ၊ Bits Century မှတာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။

တာဝန်ခံမှု

Bits Century မှဝယ်ယူသော ပေးပို့သော Datas များ နှင့် လက်ခံရရှိသော အချက်အလက်များအား ကိုယ်ကျိုးအတွက်ဖြစ်စေ ၊ တစ်ပါးသူများသို့ရောင်းချခြင်းများ ဆောင်ရွက်မည်မဟုတ်ပါကြောင်း နှင့် Bits Century မှ ဝယ်ယူထားသော ဝန်ဆောင်မှုများအားလုံးနှင့် BitsCentury မှပြုလုပ်ပေးသော ဝန်ဆောင်မှုများတွင် မူပိုင်ခွင့်နှင့်ပက်သက်၍ Bits Century မှ အပြည့်အဝ တာဝန်ယူပါသည်။

Updated on