Hosting တွေရဲ့ အကြောင်းနဲ့ သူတို့မှာပါဝင်တဲ့ Specifications နှင့် အသေးစိတ်ကို ဒီ link မှာေဖာ်ပြခဲ့ပြီးဖြစ်ပါတယ်။
Website တစ်ခုပြုလုပ်ဖို့ လိုအပ်တဲ့ Hosting ကို Cloud နှင့် Share ဘယ်ဟာကိုရွေးချယ်ရမလဲဆိုတာနဲ့
သူတို့ တစ်ခုချင်းစီရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများကိုသိရှိစေရန် ရည်ရွယ်ပြီးဖော်ပြလိုက်ပါသည်။
Share Hosting
Server တစ်ခုထဲပေါ်မှာပဲ Website တွေအားလုံးကို ရောပြီးတင်ထားတာဖြစ်ပါတယ်။ Bandwidth ပမာဏ ၊ Ram
စတဲ့ sources တွေကို လူကြီးမင်းရဲ့ website ဟာ Server တစ်ခုထဲနေ တခြားသော Website နှင့်အတူ မျှဝေသုံးစွဲတာပါ။ Share Hosting သည် အသုံးပြုရလွယ်ကူပြီး ကုန်ကျစရိတ်လဲ သက်သာပါသည်။
Website Speed သည် ပုံမှန်အားဖြင့် cloud များထက် ပိုမိုနှေးကွေးပြီး Downtime တော့ကျွန်တော်တို့ BitsCentury မှာမရှိပါဘူး။ Share Hosting သည် အများကြီး မသုံးချင်ဘူး traffic လဲသိပ်မရှိဘူးဆိုရင် သင့်တော်ပါတယ်။
Cloud Hosting
Cloud Hosting ဆိုတာကတော့ Ram, Bandwidth တို့ကို စိတ်တိုင်းကျ တပ်ဆင်နိုင်ပြီး ၊ လုံခြုံရေးအတွက်လဲ ပိုမိုကောင်းမွန်ပြီး အခြားသော Sources များပါရှိမှာဖြစ်ပါတယ်။ Website Speed အနေဖြင့်အလွန်လျှင်မြန်ပြီး ၊ လုံခြုံရေးအရ anti-malware များပါစစ်ပေးထားပါတယ်။ Cloud Hosting သည် Server များကို Deploy လုပ်ထားတာကြောင့် visitors အမြောက်အများကို တစ်ချိန်ထဲမှာပဲ လျှင်မြန်စွာကြည့်ရှုနိုင်ပါသည်။ စျေးနှုန်းအားဖြင့်တော့ Share ထက် အနည်းငယ် အကုန်ကျများပါသည်။