100% ပြန်လည်ရရှိမည့်
Money Back Guarantee
Bits Century သည် အလုပ်အပ်သူများ၏ 90% ကျော်အား စိတ်ကျေမှုရသည်အထိ အကောင်းဆုံး ဆောင်ရွက်ပေးခဲ့ပါသည်။ Bits Century မှရယူသော ဝန်ဆောင်မှုအလျှောက် လူကြီးမင်းအတွက် ကိုက်ညီခြင်းမရှိခဲ့ပါက Money Back Guarantee ဖြင့် ဝန်ဆောင်မှု အခကြေးငွေအား ပြန်လည် တောင်းယူနိုင်ပါသည်။
Bits Century သည် Online Marketplace တစ်ခုဖြစ်သောကြောင့် လူကြီးမင်းတို့ ယုံကြည်စိတ်ချစွာ နှင့် အတူလက်တွဲနိုင်ရန် အတွက် Money Back Guarantee ကိုမြန်မာနိုင်ငံတွင် ပထမဉီးဆုံးပေးဆောင်ထားသော Company တစ်ခုဖြစ်ပါသည်။
Money Back Guarantee Policy
Money Back တောင်းယူနိုင်ရန် အောက်ပါ အချက်အလက်များအား သိရှိသဘောတူပြီးဖြစ်ရပါမည်။ ( Money Back Guarantee Policy )
- Bits Century ၏ Money Back Guarantee သည် အလုပ်အပ်သူ ( Client ) ရယူသော ဝန်ဆောင်မှု၏ ပြီးဆုံးချိန် / ပြန်လည်အပ်နှံပြီး နောက်ပိုင်း ၁ လ အချိန်အထိ အကျုံးဝင်ပါသည်။
- ဝန်ဆောင်မှုအား ဝယ်ယူမှု မပြုလုပ်ခင် စည်းကမ်းနှင့်သတ်မှတ်ချက်များ ( Terms & Conditions ) အားဖတ်ရှူသဘောတူပြီးဖြစ်ရပါမည်။
- အလုပ်အပ်သူ ( Client ) ရယူသော ဝန်ဆောင်မှုများတွင် ပါဝင်မည့် Features နှင့် Functions များကို အသေးစိတ်ကြည့်ရှု ပြီးဖြစ်ရမည်။ ဝန်ဆောင်မှုတွင် ပါဝင်သော အချက်အလက်များ၏ အသေးစိတ်အားထပ်မံ မေးမြန်းနိုင်သည်။
- ဝန်ဆောင်မှုအား ရယူပြီး အချိန်တွင် အလုပ်အပ်သူ ( Client ) ရယူလိုသော ပုံစံများအားကြိုတင် ပြောပြထားနိုင်ပြီး ၊ ဝန်ဆောင်မှုတွင်ပါဝင်သော အချက်အလက်များ နှင့် ဒီဇိုင်းများကို အတည်ပြုပြီးဖြစ်ပါက Money Back Guarantee ပြန်လည်ရရှိနိုင်မည်မဟုတ်ပါ။
- ဝန်ဆောင်မှုတွင်ပါဝင်သော အချက်အလက်များ နှင့် ဒီဇိုင်းများကို အတည်ပြုပြီးဖြစ်ပါက ထပ်မံ တိုးယူခြင်းများ ၊ ဒီဇိုင်း အသစ် ပြောင်းလဲခြင်းများအတွက် ကျသင့်ငွေ ထပ်မံပေးချေရမည်ဖြစ်သည်။
- ဝန်ဆောင်မှုနှင့်ပက်သက်၍ စိတ်ကျေနပ်မှု တစုံတရာ မရှိပါက စိတ်တိုင်းကျသည် အထိ ပြန်လည် ပြုလုပ်ပေးမည်ဖြစ်ပြီး ၊ အလုပ်အပ်သူ ( Client ) စိတ်ဆန္ဒ ပြောင်းလဲခြင်းများ ၊ တခြားသော ကိုယ်ရေးအကြောင်းအရာများ ကြောင့် ရရှိနိုင်မည်မဟုတ်ပါ။
- ဝန်ဆောင်မှုများတွင် Bits Century မှ ဝန်ဆောင်မှုတွင်ပါဝင်သော အချက်အလက်များ နှင့် ပြည့်မှီခြင်း ၊ ကိုက်ညီခြင်းမရှိပါက Money Back Guarantee ရရှိနိုင်မည်။
- Money Back Guarantee ပြန်လည်ရယူရာတွင် ဝန်ဆောင်မှု၏ အခကြေးငွေအား 100% ပြန်လည်ရရှိမည်ဖြစ်ပြီး ၊ တခြား Third party များသို့ ပေးချေးထားသော ငွေကြေး တစုံတရာကိုမျှ ပြန်လည်ပေးအပ်မည်မဟုတ်ပါ။ Ex: Domain,Hosting,Facebook,Google