ယနေ့ခတ် Branding ပြုလုပ်ရာမှာ Instagram ဟာလဲ Digital Marketing ရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ်ပါဝင်ပတ်သက်လို့နေပါတယ်။ Instagrm ကို Facebook မှပိုင်ဆိုင်ပြီး Kevin Systrom နဲ့ Mike Krieger က Photo & Video မျှဝေဖို့ရန်အတွက် Social Media Platform တစ်ခုအဖြစ်၂၀၁၀ အောက်တိုဘာလ မှစတင်မိတ်ဆက်ခဲ့ပါတယ်။ လုပ်ငန်းအများစုက Instragram မှကြော်ငြာခြင်းဟာ ထိရောက်မှုမရှိပဲ အချိန် ကုန်ပြီး နဲ့ မထိရောက်ဘူးလို့ ထင်မှတ်ကြပါတယ်။ ဒီလိုထင်တာက ကိုယ်တိုင်ကလဲ သိပ်မသုံးလို့ ဒါမှမဟုတ် လိုချင်တဲ့ Audience ကလဲ Instragram မှာမရှိလို့လဲဖြစ်နိုင်ပါတယ်။
Instargam မှာကြော်ငြာဖို့စဉ်းစားထားတယ်ဆိုရင် Branding ဖြစ်အောင်ဘယ်လိုလုပ်ရမလဲ ၊ ဘယ်လောက်ထိကုန်ကျမလဲ ၊ မိမိလုပ်ငန်းနဲ့ Instagram Digital Marketing က ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီမှုရှိရဲ့လားဆိုတာကို အရင် သိထားဖို့လိုအပ်ပါတယ်။ Instagram ads တွေဟာ
- လုပ်ငန်းရဲ့ ကြော်ငြာချင်တဲ့ Content ကို Promote လုပ်ပြီး Target Audience မှာ Posts နဲ့ Stories တွေမှာ ဖော်ပြပေးပါတယ်။
- Instagram ရဲ့ကောင်းမွန်တဲ့အချက်က Sponsored Lable ဟာ Facebook ထက်ပိုမိုသေးငယ်တာကြောင့် ကြော်ငြာ တစ်ခုရယ်လို့မထင်မှတ်ရပဲ ပုံမှန် မြင်နေကျ Post တစ်ခုလိုပဲတွေ့မြင်ရတာပါ။
- လုပ်ငန်းရဲ့ ဝန်ဆောင်မှု ၊ ထုတ်ကုန်တွေကို Selling point ဖြစ်ဖို့ထက် Brand Awareness ပြုလုပ်ဖို့အတွက်ပိုမိုကောင်းမွန်ပါတယ်။
လုပ်ငန်းအများစုဟာ ဆိုရင်တော့ Instagram Ads ကို ပစ္စည်းအသစ်တွေမိတ်ဆက်ချင်တဲ့အခါ (သို့) Clients အသစ်, ဖောက်သည်အသစ်, ရှာဖွေတဲ့နေရာမှာ အသုံးပြုကြတာများပါတယ်။
စစ်တမ်းတွေအရ Instagram,facebook,messegner စတဲ့ Social Platform ပေါ်မှာ တစ်ရက်လျှင် ခန့်မှန်းခြေ မိနစ် ၅၀ ခန့်သုံးစွဲလေ့ရှိတာကြောင့် ထုတ်ကုန် နဲ့ ဝန်ဆောင်မှု တွေကို ဖောက်သည်တွေနဲ့ မိတ်ဆက်ပေးခြင်း ၊ ရောင်းချခြင်း ၊ Branding တွေပြုလုပ်မယ်ဆိုရင်တော့ Instagram Ad တွေဟာ တကယ်ပဲထိရောက်မှုရှိပါတယ်။