စီးပွားရေးလုပ်ငန်းရှင်တိုင်းက Digital age ခေတ်ထဲမှာ မိမိတို့ စီးပွားရေးလုပ်ငန်းရဲ့ products, services တွေကိုဖော်ပြရာမှာ website တွေကိုလိုအပ်လာပါပြီ။တချို့ မိတ်ဆွေများက ကျွန်တော့်ကို အကုန်အကျသက်သာတဲ့ website တစ်ခုဖန်တီးချင်တဲ့အကြောင်းနဲ့ covid 19 အခြေအနေတွေကြောင့် လုပ်ငန်းတွေအတွက် website လိုအပ်လာတဲ့အကြောင်း ခဏခဏ ပြောနေကြလို့ ဒီကနေ့ ဖော်ပြပေးလိုက်ပါတယ်။ တကယ်တော့ Website တစ်ခု ဖန်တီးတယ်ဆိုတာ ကိုယ်လိုချင်တဲ့ functions, designs, features တွေ အတိုင်း cost ကတက်သွားတာမို့ ပုံသေပြောလို့တော့မရပါဘူး။ဒါပေမယ့် အကုန်အကျသက်သာစွာဖြင့် company အများစုအတွက် သင့်လျော်မယ့် Website လုပ်လို့ရတဲ့ ပုံစံလေးပြောပြပေးပါမယ်။
Website တစ်ခုဖြစ်လာဖို့ဘာတွေလိုအပ်လဲ?
ကိုယ့်ဘာသာလုပ်မှာဖြစ်တဲ့အတွက် Developer မလိုသေးပါဘူး ( Company တွေကိုအပ်ရင်တော့ company က developer တွေ ဖန်တီပေးမှာပါ )။မည်သည့် website အမျိုးအစားမဆို အဓိကအားဖြင့် အခြေခံ ( ၃ ) မျိုးလိုအပ်ပါတယ်။
Domain name ( e.g. yourcompany.com )
Website Builder & Platform etc.. ( e.g. WordPress )
Web Hosting ( depending on your site builder )
Domain name
Domain name ဆိုတာ သင့် website ရဲ့ url address ( လိပ်စာ ) ဖြစ်ပါတယ် – e.g. www.google.com / www.facebook.com ။ Domain ရှိမှသာလျှင် web browser ( Chrome ) url မှာ မိမိ domain ကိုရိုက်ထည့်ပြီး website ကို၀င်ရောက်လို့ရနိုင်မှာဖြစ်ပါတယ်။
Domain ဟာတစ်ခါ register လုပ်ပီး တနှစ်ကုန်ရင် သက်တမ်းကုန်ပါတယ် ၊ သက်တမ်းကုန်သွားရင်လဲပြန်ထပ်တိုးပေးရပါတယ်။ ဆိုလိုတာက အင်တာနက်ပေါ်မှာ ကိုယ်လုပ်ငန်းရဲ့ နာမည်ကို ဝယ်ထားတဲ့သဘောပါ။ သက်တန်းကုန်ပြီး ပြန်သက်တမ်းမတိုးလို့ သူများ၀ယ်သွားရင် ပြန်ယူလို့မရတော့ပါဘူး။
Domain ဝယ်မယ်ဆိုရင်တော့ ပထမတစ်နှစ်ဝယ်ဝယ်ချင်းအတွက် မြန်မာငွေ 15000 ဝန်းကျင်လောက်ရှိပါတယ် ။ ရောင်းချပေးတဲ့ Provider အပေါ်မှာလဲမူတည်တာကြောင့်ပုံသေပြောလို့မရပါဘူး။ ဘယ်မှာဝယ်ယူရမှာလဲဆိုရင် name.com , namecheap.com တို့မှာသွားရောက်ဝယ်ယူလို့ပါတယ်။ဝယ်ယူဖို့အတွက်ကို master or visa bank card ရှိဖို့လိုပါတယ်။
Website Builder
ကိုယ်တိုင်တည်ဆောက်မှာဖြစ်တဲ့အတွက်အရင်ဆုံး Website builder တခုခု လိုအပ်ပါတယ်. Website Builder တွေက အများကြီးရှိပေမယ့် အဆင်ပြေပီးသင့်တော်တဲ့ content management system ( wordpress ) platform ကိုအခမဲ့အသုံးပြု့လို့ရပါတယ်။
WordPress က လွယ်လွယ်ကူကူ ဖန်တီးနိုင်ပီး themes, functions, features, seo, plugins, etc. တွေလဲ ကိုယ့်ဘာသာထပ်ထည့်လို့ရပါတယ်။တချို့ themes တွေက အခမဲ့ ရယူနိုင်သလို တချို့ themes တွေကိုဝယ်ရပါတယ် ။ themes ဆိုတာ အကြမ်းဖျင်းအားဖြင့် website design ( UI & Features) ကိုဆိုလိုတာပါ ။ themes တစ်ခုအတွက် $10 -50 ဝန်းကျင်သာရှိပီး Themeforest မှာဝယ်လို့ရပါတယ်။
Web Hosting
Hosting ဆိုတာက မိမိ website ရဲ့ content, files, images, videos တွေကိုသိမ်းဆည်းပေးသောနေရာပါ။ တစ်စုံတယောက်က browser ကနေ website ( domain name ) ကိုခေါ်လိုက်မယ်ဆိုရင် ပေါ်လာတဲ့ files တွေ images တွေကို hosting ကသိမ်းဆည်းပေးထားတာပါ။
Hosting တွေမှာ VPS Hositng , Share Hosting , Cloud Hosting, etc.. ဆိုပီးအမျိုးမျိုးရှိပေမယ့် share hosting ကကစေ◌ျနှုန်းသင့်တင့်ပီးအဆင်ပြေပါတယ်။Share hosting က တနှစ်စာ $50 – $100 ဝန်းကျင်ရှိပီး siteground တို့ကနေဝယ်ယူလို့ရပါတယ်။
ကဲအဲ့လောက်ရှိရင်ပဲ website လွှင့်တင်ဖို့အဆင့်သင့်ဖြစ်နေပါပီ။ဆိုတော့ theme ကဝယ်မသုံးဘူးဆို free theme ပဲသုံးမာဆိုရင်တော့ domain နှင့် hosting တန်ဖိုး မြန်မာငွေ 80000 ဝန်းကျင်ခန့် သာကုန်ကျမှာဖြစ်ပီး premium theme ဝယ်မယ်ဆိုရင်တော့ မြန်မာငွေ 30000 – 50000 ဝန်းကျင်ခန့် ထပ်မံကုန်ကျမှာဖြစ်ပါတယ်။
ဟုတ်ပါတယ် website တခု လုပ်ဖို့အတွက် premium theme မသုံးရင် စုစုပေါင်း မြန်မာငွေ ကျပ်ခန့်သာ 80000 ဝန်းကျင်ခန့်သာကုန်ကျမှာပါ။
ကိုယ့် company အတွက် ကိုယ်ပိုင် private design, private theme ဆိုရင်တော့ designer ကိုအပ်ရပါမယ်.ex – Adidas, Nike
Private Theme, Design ဆွဲခိုင်းတဲ့အခါ တကယ့်ကိုယ့် company theme ဖြစ်မဖြစ် ?
Themeforest က theme တွေကိုဝယ်သုံးတဲ့ အခါဘာတွေအားနည်းချက်ရှိလဲ ?
Customize theme နဲ့ ဝယ်ထားတဲ့ theme တွေ ရဲ့ကွာခြားချက်များနှင့် WordPress Theme နှင့်ပက်သက်သော အချက်အလက်များကို ဒီ Link တွင် ဖတ်ရှုနိုင်ပါသည်။
မိတ်ဆွေတို့အနေနဲ့ website လုပ်ဖို့ နည်းပညာပိုင်းအရ အခက်အခဲရှိနေရင်ဖြစ်ဖြစ် visa / master card မရှိလို့ပဲဖြစ်ဖြစ် ၊ အချိန်မပေးနိုင်ရင်ဖြစ်ဖြစ် အားလုံးကိုဝယ်ပေးပြီး online ပေါ်ရောက်သည်အထိ website setup & integration လုပ်ပေးတဲ့ Service ရှိပြီး ယုံကြည်စိတ်ချစွာအပ်နှံလို့ရပါတယ်။