ဝဘ်ဆိုက်ပြုလုပ်ဖို့အတွက် ဘာကြောင့် Hosting လိုအပ်တာလဲဆိုတာနဲ့အလုပ်လုပ်ပုံကို ဒီ link မှာဖော်ပြခဲ့ပြီးဖြစ်လို့ ဒီ Articles လေးမှာတော့ သူတို့ကို ဝယ်ရင် ပါဝင်တဲ့ အခြေခံအချက်လေးတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Hosting တွေဝယ်ယူတော့မယ်ဆိုရင် အဓိက ပါဝင်တာကတော့ အကြမ်းဖျဉ်း Storage တို့ Bandwidth တို့နဲ့ ဘယ်လို Hosting အမျိုးအစားကို သုံးထားလဲဆိုတာပဲဖြစ်ပါတယ်။
Storage
Storage ဆိုတာက Website ရဲ့ ပုံတွေ ၊ Program files တွေ ၊ Webmail တွေသုံးဆည်းထားတဲ့ နေရာအကျယ်ကိုဆိုလိုတာပါ။ များသောအားဖြင့် Storage ကို GB နဲ့ရောင်းချပြီး Webmail တွေမပါရင် Portfolio Website တစ်ခုရဲ့ Storage ဟာ 2GB, 3GB ထိပဲဖြစ်ပါတယ်။ တချို့ဆိုရင်တော့ Storage Unlimited ဆိုပီး 2GB,3GB Storage ပဲရှိတဲ့ Portfolio Website အတွက်သီးသန့် Marketing Trick ဖြင့် Provider တွေကရောင်းချပေးတာဖြစ်ပါတယ်။ တကယ်လို့ Webmail တွေသုံးမယ်ဆိုရင် ကိုယ့် Hosting ရဲ့ Storage မှာပဲသွားပေါင်းပါတယ်။ Webmail မသုံးဘူး ကိုယ့်ရဲ့ Website ကလဲ Just Portfolio ဆိုရင်တော့ Unlimited Storage ဆိုတာက ပြသနာမရှိပါဘူး။ ဒါပေမယ့် လူကြီးမင်းအနေနှင့် Unlimited ဆိုတာ မရှိဘူးဆိုတာနဲ့ ၊ Harkdisk တွေဟာ Unlimited storage ရှိနိုင်လား ဆိုတာသိထားဖို့လိုအပ်ပါတယ်။ Storage မှာ HHD drive နဲ့ SSD drive ၂မျိုးကို အသုံးများပြီး SSD ကတော့ HHD ထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်ပါတယ်။
Bandwidth
Bandwidth ဆိုတာ Website ကိုဝင်ရောက်သူ Traffic များရင်များသလောက် Browser မှာ Content တွေကို Hosting မှ ပေးပို့ပေးရသော Bytes အရည်အတွက်ဖြစ်ပါတယ်။ User တစ်ယောက်က Browser မှာလူကြီးမင်းရဲ့ Website ကိုဝင်ရောက်ဖို့ Request လုပ်ရတဲ့ data trasfer bytes အရည်အတွက်ဖြစ်ပါတယ်။ ကျွန်တော်တို့ပုံမှန် Just information website တွေဆိုရင် Monthly Bandwidth က 3GB လောက်ဆိုလုံလောက်ပါတယ်။ Bandwidth 3GB ရတဲ့ Hosting ကိုယူထားရင် ဒီလ Traffic က 3Gb ရရင် နောက်တစ်လ ရောက်ရင် အစကနေပြန်လည်မှတ်ယူပါတယ်။
အဲ့ဒီအချက်ကြောင့် Share Hosting Provider အများစုက Bandwidth ကို Unlimited လို့ Marketing Trick တစ်ခုအနေနှင့် ရောင်းချနေတာဖြစ်ပြီး ၊ အကယ်၍သာ လူကြီးမင်းရဲ့ Website က Video တွေ ၊ Audio တွေရှိနေတာမျိုး ၊ LMS Website မျိုးဆိုရင်တော့ Unlimited Bandwidth ဆိုပီးဝယ်လိုက်တာက Traffic များရင်များသလောက် အခက်တွေ့စေမှာပါ။ နောက်ပိုင်းတချို့ Hosting တွေဆိုရင် Bandwidth ဆိုတဲ့ အသုံးအနှုန်းအစား Monthly User traffic ( Data Transfer) ဆိုပီးသုံးပါတယ်။
Uptime
Hosting တစ်ခုမှာ Uptime ကတော်တော်လေး အရေးကြီးပါတယ်။ Server က ခဏခဏ လေတိုက်တိုင်း Down နေရင် ကိုယ့်ရဲ့ website က ဝင်ကြည့်လို့မရဖြစ်နေမှာပါ။ Server Down တယ်ဆိုတာကလဲ များသောအားဖြင့် Unlimited Storage, Unlimited Bandwidth ဖြင့်ဝယ်ယူထားသော Hosting တွေ တကယ့်တကယ် Traffic များလာတာတို့ ၊ Video တွေတင်လိုက်တယ်ဆိုရင် ဖြစ်တာများပါတယ်။ ဒါကြောင့် လူကြီးမင်းအနေနှင့် Uptime ကိုအာမခံပေးသော ၊ စိတ်ချရသော Servers များကို ရွေးချယ်ဝယ်ယူဖို့လိုအပ်ပါတယ်။
SSL
SSL ကို secure sockets layer လို့ခေါ်ပီး အထူးသဖြင့် Ecommerce Website ပြုလုပ်မယ်ဆိုရင် မရှိမဖြစ်လိုအပ်ပါတယ်။ သာမာန် Portfolio website ဆိုရင်တောင်မှ SSL သုံးဖို့ Google ကအကြံပြုးထားပြီး လူကြီးမင်း Website မှာလဲ ssl ထည့်သွင်းခြင်းမရှိလျှင် “NOT SECURE” ဆိုတဲ့ Warning text ကို Website ဝင်ကြည့်သူတိုင်းက တွေ့မြင်နေမှာပါ။ Let’s Encrypt Certificates – SSL/TLS ကိုတော့ Provider တော်တော်များများက အခမဲ့ပေးထားပြီး မပေးဘူးဆိုရင်တော့ ထပ်မံဝယ်ယူရမှာပါ။
Security & Backups
Hosting providers က server လုံခြုံရေးနှင့် ပက်သက်ပြီး ဘာတွေစီစဉ်ပေးထားလဲဆိုတာလဲသိရှိဖို့လိုပါတယ်။
Pentester တွေ ၊ spam bot တွေကလဲ အမြဲလိုလို လူကြီးမင်းရဲ့ website ကိုစမ်းသပ်နေကြတာမျိုးတွေရှိပါတယ်။
ဒါကြောင့် Hosting က လုံခြုံရေးပိုင်းအတွက် ဘာတွေကာကွယ်ပေးထားလဲ ပြီးတော့ Daily Backup ရနိုင်လား ၊ Weekly Backup လား ၊ Monthy Backup လားဆိုတာ သိဖို့လိုအပ်ပါတယ်။
အပေါ်က အချက်အလက်အားလုံးဟာ Hosting ဝယ်ယူမယ်ဆိုရင် အခြေခံသိထားသင့်တဲ့ အချက်အလက်လေးတွေပါ။
နောက်ထပ် Cloud Hosting, VPS Hosting, Dedicated Hosting တွေမှာဆိုရင်တော့ ကိုယ့်ရဲ့ Server ကိုသုံးပေးမယ့် CPU Cores/Threads, Ram, Root Access, တွေပါကြည့်ပြီး ကိုယ်လိုအပ်သလောက် ဝယ်ယူရပါတယ်။ နောက်ထပ် Articles မှာတော့ Share, Cloud, VPS, Deticated တို့ရဲ့ အသုံးပြုကြပုံ နှင့် သူတို့ရဲ့ အသေးစိတ်ကို ထပ်မံဖော်ပြပေးသွားပါမယ်။